အာဏာရှင်နိဂုံး ဆိုသည်မှာ
"The End of Dictatorship" (မြန်မာလိုအားဖြင့် "အာဏာရှင် နိဂုံး") ကို
အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးရည်ရွယ်ချက်ဖြင့် ၂၀၂၂ မေလတွင်
တည်ထောင်ခဲ့သည်။
အာဏာရှင်နိဂုံး စီမံကိန်းကို မြန်မာနိုင်ငံ တရားဝင်အစိုးရ NUG ၏
“စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန” အတိုကောက်
အားဖြင့် MoPFI ရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းပါတယ်။ စီမံကိန်းမှာ MoPFI
မှ ကိုယ်စားလှယ်များ အပြင်၊ အခြားဝန်ကြီး ဌာနများ၊ သီးခြား
အဖွဲ့အစည်းများ၊ တစ်ဦးချင်း ဗော်လန်တီယာများ ပါဝင်ကြပါတယ်။ ဥပဒေ၊
နည်းပညာ၊ ပရောဂျက်၊ ရာဖြတ်၊ စျေးကွက်၊ သတင်းပြန်ကြားရေး၊
ပြည်တွင်း/ပြည်ပ ဆက်သွယ်ရေး၊ စာရင်းစစ် စသည့် အဖွဲ့များဖြင့် စနစ်တကျ
ဖွဲ့စည်းထားပါသည်။
အာဏာရှင်နိဂုံး၏ ဦးဆောင်စံပြစီမံကိန်းအဖြစ် စစ်ကောင်စီ
အဖွဲ့ဝင်တွေနှင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများ မတရား
ရယူထားသည့် ပိုင်ဆိုင်မှုများကို NUG က ပြန်လည်သိမ်းယူရယူရန် အချို့
ပိုင်ဆိုင်မှုများကို တော်လှန်ရေးကာလအတွင်း အမြန်ဆုံး သိမ်းယူပြီး EOD
မှ ပြန်လည်ရောင်းချပါမည်။
ရည်ရွယ်ချက်
-
အာဏာရှင်စနစ်၊ အာဏာရှင် အဖွဲ့အစည်း၊ အာဏာရှင် လူပုဂ္ဂိုလ် အားလုံး
အဆုံးသတ်ရန်။
-
NUG အစိုးရတရပ်အနေဖြင့် အာဏာရှင်များ မတရားရယူထားသော
ပြည်သူပိုင်ပစ္စည်းများအား ပြန်လည်ရယူနိုင်ရန်။
-
မြန်မာနိုင်ငံတွင် သာမက၊ တကမ္ဘာလုံးက အာဏာရှင် ဆန့်ကျင်ရေး
လှုပ်ရှားမှုများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်။